“လူသားတိုင်းသည်တန်းတူညီမျှစွာမွေးဖွားခဲ့သည်” Youth Peace Central / လူငယ်ငြိမ်းချမ်းရေးဗဟိုလ်၏မူလေးချက်မှာ - 1.ဂုဏ်သိက္ခာဆိုသည်မှာလူသားတိုင်း၏မွေးရာပါအခွင့်အရေးဖြစ်သည်။ ထို့ကြောင့်လူတန်းစားခွဲခြားမှုလူမျိုးရေးခွဲခြားမှုများကိုဆန့်ကျင်ရမည်။ 2.အနာဂတ်သည်လူငယ်များနှင့်သက်ဆိုင်သည်။ထို့ကြောင့်လူငယ်တိုင်းသည် သူတို့၏အနာဂတ်များကိုသူတို့ကိုယ်တိုင်ပုံဖော်ခွင့်ရှိရမည်။ 3.အကြောက်တရားကင်းစွာရှင်သန်ခွင့်သည်အခြေခံလူ့အခွင့်အရေးတစ်ရပ်ဖြစ်သည်။ 4.ကျနော်တို့အားလုံးရပ်တည်၍လူငယ်များ၏ခန္ဓာ၊စိတ်၊ဝိဥာဉ်ကို ခြိမ်းခြောက်နေသောအရာအားလုံးကိုခုခံဆန့်ကျင်သွားမည်။ တိုင်းပြည်တစ်ခုငြိမ်းချမ်းဖို့ဆိုလျှင်ထိုတိုင်းပြည်မှလူသားတိုင်းငြိမ်းချမ်းဖို့လိုသည်။ ထို့ကြောင့်လူသားတိုင်းဂုဏ်သိက္ခာရှိသော၊အေးချမ်းသောဘဝများကိုပိုင်ဆိုင်နိုင်အောင် တတ်နိုင်သည့်ဖက်မှကြိုးစားပေးကြပါစို့။ “ဘုရားသခင်ကလူသားတိုင်းကိုတန်းတူညီမျှစွာဖန်ဆင်းခဲ့သည်၊ ထို့ကြောင့်လူသားတိုင်းတန်းတူအခွင့်အရေးရသင့်သည်။”
Affiliated bodies
...
Youth wings
United ethics union
Youth Peace Central / လူငယ်ငြိမ်းချမ်းရေးဗဟိုလ်